နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းများ ဆောင်ရွက်

နောင်ချို မတ် ၂၀      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖတ်ပရိသတ်များ အသိပညာဗဟုသုတ တိုးပွားစေရေး၊ စာအုပ်စာပေများ ဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ပျောက်ပျက်မသွားစေရေး ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ စာအုပ်များကို သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။ အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်