ရန်ကုန် မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မီးသတ်ဦးစီးဌာန၊ ရေဘောက်ဆာကားများဖြင့် သောက်သုံးရေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီစဉ်မှုဖြင့် မြို့နယ်အတွင်း ရေပြတ်လပ်လျက်ရှိသော ရပ်ကွက်များသို့ ရေလှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ရေလိုအပ်လျက်ရှိသော ပြည်သူများ၏ ရေလိုအပ်ချက်များအား ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရေပြတ်လပ်လျက်ရှိသော အထပ်မြင့်အိမ်ရာများဖြစ်သော (၄၁)တိုးချဲ့ရပ်ကွက်ရှိ တော်ဝင်အိမ်ရာနှင့် မဟာမြိုင်အိမ်ရာများသို့ ရေဘောက်ဆာကားများဖြင့် ရေပေးဝေခြင်းလုပ်ငန်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ