မန့်ဟီးရိုးမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မန့်ဟီးရိုး  မတ်  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိရန်၊ အချိန်ကို အသုံးချတတ်စေရန် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊  ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆိုင်းမိုင် က ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

နဒီ(မန့်ဟီးရိုး)