သတင်းများ

တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၇၉၃) ဦ ဝင်ရောက်ဖြေဆိုမည်
Mar 18,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် စာစစ်ဌာန (၅) ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသားကျောင်းသူ (၁၇၉၃)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
နမ့်စန်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Mar 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ပန်လုံမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံ
Mar 18,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၂)နှစ်နှင့် အသက် (၁၈) နှစ်ကြား ကလေးများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်
Mar 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာပေဝါသနာရှင်များနှင့် စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များ ပူးပေါင်း၍ အများပြည်သူများ အသိပညာ ဗဟုသု တ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ရှိန်မရှိသူများအတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာအောင်သင်းရေးသားသည့် “ကိုယ့်ကိုယ်ကိုယ် ပြဋ္ဌာန်းခြင်း” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ( ၈၁ ) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ( ၈၁ ) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် မီးဘေးအန္တရာယ် တားဆီးကားကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ
Mar 18,2022
ရှမ်ပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မိုင်းငေါ့ နယ်မြေ မီးသတ်စခန်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက်(၉)နာရီ အချိန်ခန့်က “မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေး” အသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။