မိုင်းခတ် မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ( ၈၁ ) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းခတ်မြို့နယ်တွင် စာစစ်ဌာနများကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)နှင့် အရန်စာစစ်ဌာနအနေဖြင့် အခြေခံပညာမူလတန်းကျောင်း(ဝမ်ပြန်)တို့ တွင် ပြင်ဆင်ထားရှိပြီး မိုင်းခတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၃၃)ဦးနှင့် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၄၈)ဦး စုစုပေါင်း(၈၁)ဦး ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း သိရသည်။
မိုင်းခတ်(ပြန်/ဆက်)