တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်

တံတား  မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာပေဝါသနာရှင်များနှင့် စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များ ပူးပေါင်း၍ အများပြည်သူများ အသိပညာ ဗဟုသု တ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ရှိန်မရှိသူများအတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာအောင်သင်းရေးသားသည့် “ကိုယ့်ကိုယ်ကိုယ် ပြဋ္ဌာန်းခြင်း” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “ကိုယ့်ကိုယ်ကိုယ်ပြဌာန်းခြင်း” ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးရာတွင် “ပြဋ္ဌာန်း” ဆိုသည်မှာ “ဥပဒေ” ဟု သတ်မှတ်ကြောင်း၊ တစ်နည်းအားဖြင့် လူအများစု လိုက်နာရန် သတ်မှတ်ပေးထားသည့် စည်းကမ်းဖြစ် သောကြောင့် “ကိုယ့်ကိုယ်ကိုယ်ပြဌာန်းခြင်း” ဟူသည် မိမိကိုယ်မိမိသတ်မှတ်ထားသော စည်းကမ်းဥပဒေဟု အဓိပ္ပါယ်ရကြောင်း ဆွေးနွေးပြီးနောက် စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးဟန်မင်းထက်မှ “တာဝန်သိစိတ် တာဝန်ယူစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဦးမြင့်ဝင်း မှ “ကိုယ်ပိုင်အချိန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ ကြရာ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များမှလည်း ဝိုင်းဝန်း ဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)