မိုင်းငေါ့ မတ် ၁၈
ရှမ်ပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မိုင်းငေါ့ နယ်မြေ မီးသတ်စခန်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက်(၉)နာရီ အချိန်ခန့်က “မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေး” အသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆဲရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပြည်သူများ အသိပညာဗဟုသုတ ရှိစေရန်အတွက် ယခုလိုဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မိုင်းငေါ့နယ်မြေ မီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုဦးစီး ဦးအောင်နိုင်လင်းက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်မှုများ၊ ပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှု ဖြစ်ပေါ်စေသည့် အကြောင်းအရာများ စသည်တိုကို အသေးစိတ်ရှင်းလင်း ပြောကြား ဆွေးနွေးပေးခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းငေါ့မြို့ရုံးအနေဖြင့် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) များ၊ ပြိုင်ပွဲများကို ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်သွယ်