ဟိုပုံး မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းမှ ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၅၅၈)ဦး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၂၀၆)ဦး၊ ကျောက္ကချားအခြေခံပညာ အထက်တန်းကျောင်းတွင် (၂၀)ဦး၊ ကျောက်တန်းအခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၆၇)ဦး၊ နမ့်ခုတ်အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၂၅)ဦး စုစုပေါင်း (၈၇၆)ဦးရှိပြီး စာစစ်ဌာန (၅)ခုရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးလင်းကျောင်ခိုင်မှ အခြေခံပညာ အထက်တန်းကျောင်းများအတွင်း၊ အပြင် မီးဘေးအန္တရာယ် ကြိုကာကွယ်ရေးလုပ်ငန်းများ၊ လုံခြုံရေးဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)