တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၇၉၃) ဦ ဝင်ရောက်ဖြေဆိုမည်

တိုက်ကြီး မတ် ၁၈

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် စာစစ်ဌာန () ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသားကျောင်းသူ (၁၇၉၃)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

တိုက်ကြီးမြို့နယ်တွင် စာစစ်ဌာန () ခုဖြစ်သော အ..က (တိုက်ကြီး) တွင် အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသားကျောင်းသူ (၇၇၇) ဦး၊ အ..က (က္ကံ) တွင် အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသားကျောင်းသူ (၄၈၅) ဦး၊ အ..က (ဖလုံ)  တွင် အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသားကျောင်းသူ (၈၇) ဦး၊ အ..က (တော်လတီ) တွင် အတွင်းဖြေ၊ အပြင်ဖြေ  ကျောင်းသားကျောင်းသူ (၁၀၁) ဦးနှင့် အ..က (အဖျောက်) တွင် အတွင်းဖြေ၊ အပြင်ဖြေ  ကျောင်းသားကျောင်းသူ (၃၄၃) ဦး စုစုပေါင်း (၁၇၉၃)  ဦးတို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်သည်။

တိုက်ကြီးမြို့နယ်တွင် အ..က ကျောင်း (၁၀) ကျောင်း၊ အ..က ခွဲကျောင်း (၁၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၀) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း () ကျောင်း ဖွင့်လှစ်ထား ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)