နမ့်စန်(တ) မတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး က နမ့်စန်မြို့နယ်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ MCCT အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်မှု အခြေအနေကို ရှင်းလင်းပြောကြားပြီး အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုယ်ဝန်ဆောင် မိခင်များ လက်ဝယ်အရောက် စနစ်တကျပေးအပ်ရန်နှင့် ဆောင်ရွက် ပြီးစီးမှုအား ပြန်လည်တင်ပြရန် တို့ကို မှာကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် နမ့်စန်မြို့နှင့် ခိုလမ်မြို့အတွင်းရှိ MCCT အစီအစဉ်တွင် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် (၁၈၈၅)ဦး၊ ကလေးသူငယ် (၁၁၆၂)ဦး၊ စုစုပေါင်း (၃၀၄၇)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ (၁၃၄၁၃၀၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၃၀ ခုမှ ရပ်/ကျေး စာရေးဝန်ထမ်းများက လက်ခံရယူ ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)