မလှိုင် မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၉၇၂)သိန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် မြို့နယ်ပညာရေးမှူး ရုံးသစ် ဆောက်လုပ်နေမှုအား ယမန်နေ့ညနေ (၄) နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည် ။
အဆိုပါနေ့က မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လ/ထညွှန်ကြားရေးမှူး ဒေါ်ဝင်းယုဆွေ၊ မြို့နယ် စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းထွန်းနိုင်၊ ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းလှနှင့် တာဝန်ရှိသူများလိုက်ပါလျက် မိုးပြည့်ဟိန်းကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသည့် မြို့နယ် ပညာရေးမှူးရုံးသစ် ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ကုမ္ပဏီ တာဝန်ခံ အင်ဂျင်နီယာ ဦးရဲဦးခန့်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြ ခဲ့သည်။ ယင်းနောက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက လုပ်ငန်းသုံး ပစ္စည်းများ အရည်အသွေး ပြည့်မီပြီး သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် အလေးထားဆောင် ရွက်သွားရန်မှာကြားခဲ့သည် ။
မြို့နယ်ပညာရေးမှူးရုံးသစ်ကို ( ၂ဝ. ၂ .၂၀၂၂ ) ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦမှာ အလျား ၉ဝပေ × အနံ ၃၀ပေ ရှိ Streel Structure (၂ )ထပ် အဆောက်အဦ ဖြစ်သည် ။ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ နှင့် ၂ဝ၂၂ -၂ဝ၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေ နှစ်ရပ်ပေါင်း ငွေကျပ်( ၁၉၄၄ ) သိန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)