မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်  နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ

မိုင်းယန်း မတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၃)တို့တွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade-9)နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန (၃)ခုဖွင့်လှစ်ပြီး (Grade-9)စာမေးပွဲဖြေဆိုသူ ကျောင်းသား(၂၈)ဦးနှင့် ကျောင်းသူ(၂၃)ဦး၊ စုစုပေါင်း (၅၁)ဦး ဝင်ရောက်ဖြေဆိုကြရာ သက်ဆိုင်ရာစာစစ်ဌာနအလိုက် စာမေးပွဲကို အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် တာဝန်ကျဆရာ၊ ဆရာမများက ကြီးကြပ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

အဆိုပါ စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။

ထွန်းထွန်းထူး