မော်လိုက်မြို့နယ်၊ အထက(ကင်းတပ်)ကျောင်း၌ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုကျင်းပနေမှု တို့အား ကြည့်ရှုအားပေး

မော်လိုက် မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်း စာမေးပွဲများကို အေးချမ်းစွာဖြေဆိုကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း ကင်းတပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုကျင်းပ နေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများ က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး  ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံကာ ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်းစာမေးပွဲကို စိတ်အေး ချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရန် ကျောင်းပြင်ပလုံခြုံရေးများကို အလေးထား ကြပ်မတ် ဆောင်ရွက်သွားကြရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင် အခြေခံပညာကျောင်းများအနေဖြင့် အထက်တန်းကျောင်း(၅)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) (၁၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၉)ကျောင်း၊ မူလတန်းကျောင်း (၃၆) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း(၇၈) ကျောင်း ရှိကြောင်း၊ ကျောင်းသား/သူ စာရင်းရှိအနေဖြင့် စုစုပေါင်း (၆၂၂၃)ဦးရှိပြီး ကျောင်းတွင်း စာမေးပွဲ ဒုတိယနေ့တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူပေါင်း (၆၁၉၉)ဦး၊ ပျက်ကွက်သူပေါင်း (၂၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

မော်လိုက်သားလေး