မော်လိုက် မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထင်းရှူးချောင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့် နှင့် တာဝန်ရှိသူများက ကုမ္ပဏီတာဝန်ခံများနှင့် တွေ့ဆုံကာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးရေး၊ ကုန်ထုတ်လမ်းပေါ်ရှိ တံတားများတွင် အသုံးပြုနေသည့် လုပ်ငန်းသုံး ပစ္စည်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်း ပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာဌာနများမှလည်း လုပ်ငန်း ဆောင်ရွက်မှုများကို ကြီးကြပ်သွားကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေ ကျပ်(၁၇၁ ဒသမ ၁၁၀)သန်းဖြင့် အရှည်( ၁ မိုင် ၆ ဒသမ ၆ဖာလုံ)ရှိ မြေသားလမ်းဖောက်လုပ် ခြင်း၊ (၉)လက်မထုရှိ ဂျင်းလမ်းခင်းခြင်းနှင့် အဆိုပါလမ်းပေါ်ရှိ တံတားအရှည်ပေ(၂၀)၊ လမ်းအကျယ် (၁၄)ပေရှိ ကွန်ကရစ်တံတား (၁)စင်း တည်ဆောက်ခြင်းနှင့် အရှည်(၅)ပေ၊ အကျယ်(၁၈)ပေရှိ Box Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ရွှေပြည်သစ္စာကုမ္ပဏီ လီမိတက်မှ တာဝန်ယူကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် မတ်လ တွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုဖောက်လုပ်နေသည့် ထင်းရှူးချောင်ကုန်ထုတ်လမ်းအား ဖောက် လုပ်ပြီးစီးသွားပါက ကျေးရွာလေးရွာရှိ စိုက်ပျိုးဧက (၂၅၅၀)ဧကအတွက် အကျိုးပြုသွားဖြစ်ပြီး၊ စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်ခြင်းများအတွက် များစွာ အဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
မော်လိုက်သားလေး