ဆင်ပေါင်ဝဲမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Mar 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အားကစားစိတ်ဓာတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံခိုင်စေရေးအတွက် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။