ဆင်ပေါင်ဝဲမြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်

ဆင်ပေါင်ဝဲ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သာယာမိုးရပ်ကွက်တွင် ယမန်နေ့ က ပြည်သူများနှင့်အတူ လေပြင်းကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ ပူးပေါင်းအဖွဲ့က သာယာမိုးရပ်ကွက်အတွင်းရှိ ခိုင်ခံ့မှုအားနည်းသော အိမ်ခြေ(၅၀)အိမ်အား တစ်အိမ်ထောင်လျှင် ဝါးထရံ(၂)ချပ်၊ ဝါးအလုံး (၃၀)လုံး၊ သွပ်နန်းကြိုးခွေတစ်ခွေ စုစုပေါင်း တန်ဖိုးငွေကျပ် သုံးသောင်းနှုန်းဖြင့် အိမ်ခြေ (၅၀)အိမ်ခြေအတွက် စုစုပေါင်းငွေကျပ်(၁၅) သိန်းကျပ် သုံးစွဲပြုပြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)