ရမ်းဗြဲ မတ် ၂၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးမှ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့နယ်၊ ရွာကြီး ကျေးရွာအုပ်စုသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို အခမဲ့ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်း ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးစိုးစံထွန်းပါ ဝန်ထမ်း(၄)ဦးမှ ရွာကြီးကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများ အနေဖြင့် ပန်းခင်းစီမံချက်အရ ပြည်သူများ‘လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်နှင့်အညီ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအနေဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ခွဲပေးခြင်း၊ မွေးဖွားမှု သေဆုံးမှုများကို စာရင်းရေးသွင်းခြင်း ထုတ်ပယ်ခြင်း၊ ပျောက်ဆုံး/ ပျက်စီးမှုများကို မိတ္တူပြုလုပ် ဆောင်ရွက်ပေးခြင်းများ နှင့်အတူ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မပြုလုပ်ရသေးသော သူများအား အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်နှင့် အထက်ရှိ ပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ဆောင်ရွက်ပေးခြင်းများကို ရွာကြီးကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ပြည်သူများအား အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)