ချောက်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးတို့ ပူးပေါင်းကျင်းပသည့် "လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးရေး"အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။