ဟားခါး မတ် ၉
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာမှုကြောင့် ယခုရက်သတ္တပတ်အတွင်း ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိမှုလျော့နည်းလာကြောင်း တွေ့ရှိရကြောင်း၊ ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဆက်လက်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးရ မည်ဖြစ်ကြောင်း၊ ကျေးရွာများသို့ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး Volunteer များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ရန်နိုင်က ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံမည့်အစီအမံများ၊ Mask Campaign နှင့် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့က ကိုဗစ်−၁၉ ဆေးရုံတက်လူနာများအတွက် ထောက်ပံ့ငွေများ ထုတ်ပေးမှုနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု ပြန်လည်တင်ပြရေး၊ ကိုဗစ်−၁၉ ဆေးရုံတက် လူနာများအား (၁၀) ရက်အစား (၅)ရ က်စာ ထောက်ပံ့ရေးကိစ္စ၊ ဟားခါးမြို့တွင် ဆောင်ရွက်သည့်နည်းတူ အခြားမြို့နယ် များတွင်လည်း ဆရာတော်များ၊ မြို့မိမြို့ဖများနှင့် Volunteer များ ပူးပေါင်း၍ ကျေးရွာများသို့ ကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ရန်ကိစ္စ၊ ပလက်ဝ ၊ တီးတိန်နှင့် တွန်းဇံ ဆေးရုံများရှိ အောက်ဆီဂျင် Plant များအတွက် စက်သုံးဆီလိုအပ်ချက်များ တွက်ချက်တင်ပြရေးကိစ္စတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေး ကြပြီး ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကိုလာမည့် ဧပြီလကုန်အပြီး ထိုးနှံနိုင်ရေး ညွှန်ကြားချက်နှင့်အညီ ကျေးရွာများအားလုံးကိုပါ ကာကွယ်ဆေးထိုး နှံနိုင်ရေးအတွက် အချက်အလက်ပြုစုမှု၊ ယင်းအချက်အလက်တွင် မြို့ပေါ်မှအပ ကျေးရွာအားလုံး ကွင်းဆင်း ပါက လုံခြုံရေးလိုအပ်မှုနှင့် လုံခြုံရေးမပေးနိုင်ပါက ကျေးရွာများသို့ ကွင်းဆင်းရန် ခက်ခဲမှု အခြေအနေများကိုပါ ထည့်သွင်းစာရင်းပြုစုမှုနှင့် စာရင်းပြုစုပြီးစီးမှုကို အပတ်စဉ် တင်ပြမှုအခြေအနေ၊ သက်ဆိုင်ရာမြို့နယ်များရှိ Volunteer များနှင့် ပေါင်းစပ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးများက ညှိနှိုင်းပေးရေးတို့နှင့်ပတ်သက်၍ အကြံပြုဖြည့်စွက် ဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ဆောင်ရွက်ပေးကာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)