သတင်းများ

မင်းလှ၌(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 20,2022
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၈ နာရီချိန်က အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း
Mar 20,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 20,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မောင်မိုးယံ ရေးသားသည့် လူငယ်နှင့် အနာဂတ်ဘဝမြှင့် တင်ရေး ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းတွင်းစစ် အတန်းပြီးမြောက်မှု စာမေးပွဲကို စစ်တွေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၂၇၃၈ ဦး ဖြေဆို
Mar 20,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် (နဝမတန်း)အထိ ကျောင်းတွင်းစစ်အတန်းပြီးမြောက်မှု စာမေးပွဲများကို မတ်လ ၁၇ ရက်နေ့မှ စတင်ကာဖြေဆိုလျက်ရှိရာ စစ်တွေမြို့နယ်၌ အလယ်တန်းပြီးမြောက်စာမေးပွဲ (Grade-9)တွင် ကျောင်းသား၊ ကျောင်းသူ ၂၇၃၈ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေး
Mar 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၉)နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (COVISHIELD) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက၊ ၇ ရပ်ကွက် ဒေသန္တကျန်းမာရေးဌာန၊ မလစ်အရှေ့အဝိုင်း ကျေးရွာဆေးထိုးစုရပ်နှင့်၊ (၅၂)ရပ်ကွက်များသို့အရောက် ရပ်ကွက်နေ ပြည်သူများထံ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
ကျေးသီးမြို့နယ် စည်ပင်သာယာဈေး၌ မီးငြှိမ်းသတ် သရုပ်ပြပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် နွေရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးသရုပ်ပြပွဲများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျေးသီးမြို့နယ် စည်ပင်သာယာဈေး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ် သဲရိုးကျေးရွာ SOLAR MINI GRID လုပ်ငန်းဖွင့်ပွဲ တက်ရောက် ဖွင့်လှစ်
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၊ ခြင်တို့အုပ်စု၊ သဲရိုးကျေးရွာရှိ တောင်သူ ဦးသိန်းစိုး ပိုင်ဆိုင်သော ကိုင်းကွင်း အတွင်းရှိ SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ကရောက်ရှိခဲ့ပြီး SOLAR MINI GRID လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ကလောမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။