ရေဦး မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီက အထက(၁)တွင် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အထက် တန်းကျောင်းသား၊ ကျောင်းသူ ၅၀ ဦး တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲနောင်ချစ်က မိတ်ဆက်စကားနှင့်အတူ " ရိုးသားသူနှင့် ရိုးအသူ ခွဲခြားတတ်စေရန်၊ စာရိတ္တကောင်းမွန်ပြီး အမှန်တရားကိုချစ်မြတ်နိုးသော လူငယ်လူရွယ်များစွာကို ကမ္ဘာကြီးကလိုအပ်နေကြောင်း၊ စာရိတ္တမဏ္ဍိုင် ခိုင်မာစွာတည်ဆောက်သွားကြရမည့် လူငယ်အကြောင်းအရာများ၊ လူငယ်နှင့် မျိုးချစ်စိတ်ဟူသည် အကြောင်းအရာ တို့ကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး အမှားအမှန် ဝေဖန်ပိုင်းခြား သိမြင်လာစေရေး နှင့် စာဖတ်လိုစိတ်ရှိပြီး စာဖတ်လာကြစေရေးတို့အတွက် ဒုဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက မြို့နယ် ပြည်သူ့စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုအကြောင်း သိကောင်းစရာ များကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက်ပြန်/ဆက်ဦးစီးဌာန ၀န်ထမ်းများက စာအုပ်ပြပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များက ပြသထားသော သုတရသ ရုပ်ပြစာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)