တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

တောင်သာ မတ် ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှတာဝန်ခံထုတ်ဝေသည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မတ်လ(၂၂)ရက်၊ နံနက်() နာရီအချိန်က  တောင်သာမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး)နှင့် ဝန်ထမ်းများက  လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အစဉ်အလာကောင်း (၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း ၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ် ချက်၊ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇--၂၀၂၁ ရက်နေ့(၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်  ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်) (၂၇--၂၀၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ စိုးမိုး(ပုသိမ်)ရေးသားသည့်နွေအလှကဗျာ၊ တပ်မ တော်ဆောင်ပုဒ်များ စုံလင်စွာပါရှိပြီး အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများထံ(၂၅၆)စောင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)