ရမည်းသင်း မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၅)မြို့မအခြေခံပညာ အထက်တန်းကျောင်း၌ မတ်လ ၂၃ ရက် နံနက် ၁၁ နာရီ ကကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်ရေး၊အကျင့် စာရိတ္တကောင်းမွန် ရေးနှင့် ကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ပြန်ကြားရေးဝန်ကြီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း ၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် အခြေခံပညာဦးစီးဌာန၊ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစုက စိတ်ဓာတ်စည်းကမ်းအရင်းတည် သာယာသောလူ့ဘောင်ဆီ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်း သား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ပြည့်စုံစေပြီး အနာဂတ်ရဲ့ နိုင်ငံ့သားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန်အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးကိုလည်းကောင်း၊ ခရိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်က အားကစား ဆိုတား အင်အားနှင့် ဉာဏ်ရည်ကို အသုံးချ ပြီးလှုပ်ရှားယှဉ်ပြိုင်မှု၊ အားကစားနည်းလေးမျိုး၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိသော အကျိုး ကျေးဇူးများနှင့် နွေရာသီကျောင်း ပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်ရာ မိမိတို့ဝါသနာပါရာအလိုက် အားကစားသင်တန်းများကို တက်ရောက်နိုင်ကြောင်း အသီးသီးဟောပြောပြီး ခရိုင် အားကစားမှူးက(တာဝန်ခံ)မြို့နယ် ပညာရေး မှူးထံအားကစား ပစ္စည်းများထောက်ပံ့ပေးအပ်လှူဒါန်းသည်။
အဆိုပါ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)