ညောင်ရွှေမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်ရွှေ မတ် ၂၃

ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အထက(၁) ညောင်ရွှေ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့် အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ