လဟယ် မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသစိုက်ပျိုးရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော လုပ်ငန်းရှင်ကြီးများနှင့် ငရုတ်သီးနှံထုတ်ကုန်ပြပွဲ အခမ်းအနား ယနေ့နံနက် (၀၉:၃၀)ချိန် ဒေသစိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပါသည်။
ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီဌာန ဒေသတာ၀န်ခံ ဦးသိန်းထွန်းတင်မှ ငရုတ်သီးနှင့် ထုတ်ကုန်များအကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင်တောင်သူများက ငရုတ်သီးနှင့် ထုတ်ကုန်များ တင်သင်းနေမှု အခြအနေများ ဒေသနှင့်ကိုက်ညီသည့်မျိုးစေ့များ ထောက်ပံ့နိုင်ရေး ဆွေးနွေးကြပြီး ငရုတ်သီးထုတ်ကုန်များ ခင်းကျင်းပြမှုအား လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ လဟယ်မြို့ပေါ်မှ လုပ်ငန်းရှင်တောင်သူများ၊ ဒေသစိုက်ပျိုးရေးတာ၀န်ခံ ဦးသိန်းထွန်းတင်နှင့် ရုံး၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(လဟယ် ပြန်/ဆက်)