မြစ်သား မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများရုံးများ၊ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ (၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော် အစဉ်အလာ ကောင်း(၁၂)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံး ကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်များနှင့် ကဗျာများစသည့် သိကောင်းစရာများပါဝင်ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)