တံတားဦးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေ

တံတားဦး မတ် ၂၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၁၁)နာရီက တံတားဦးမြို့တွင် လူစည်ကားသည့်နေရာများဖြစ်သော တံတားဦးမြို့မဈေး၊ နကျော်ဒဈေးနှင့် တံတားဦးမြို့  အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများကို  ၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော် နေ့အထိမ်းအမှတ် “သတင်းစကား”  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးကြကြောင်းသိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၂၇.၃.၂၀၂၁)ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြား သည့် မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ စာရေးဆရာ စိုးမိုး (ပုသိမ်)ရေးသားသော နွေအလှကဗျာ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်  စသည့်တို့ကို အရောင်အသွေးစုံလင်စွာဖြင့်ဖော်ပြပါရှိသည့် “သတင်းစကား” လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  အခမဲ့ထုတ်ဝေခဲ့ကြောင်းသိရသည်။

ရဲတင့်