တနင်္သာရီ မတ်လ ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အဋ္ဌမတန်း(Grade-9) ဒုတိယနှစ်ဝက်ပြီးဆုံးခြင်း စာမေးပွဲကို စာစစ်ဌာန(၁၆)ခု တွင် ယနေ့ မတ်လ၂၃ ရက် နံနက်၉နာရီမှ၁၁နာရီအထိ အထွေထွေသိပ္ပံဘာသာကို အေးချမ်းစွာဖြေဆိုကြကြောင်း သိရသည်။
အဆိုပါ အဋ္ဌမတန်း(Grade-9)စာမေးပွဲကို အထက-တနင်္သာရီ၊ အထက-မော်တုန်းနှင့် အထက-ညောင်ပင်ကွင်း(အပါအဝင်) စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသား/သူပေါင်း ဖြေဆိုရန် (၃၇၁)ဦး စာရင်းရှိသည့်အနက် ကျောင်းသား(၁၃၀)ဦးနှင့် ကျောင်းသူ (၁၉၉)ဦး ပေါင်း(၃၂၉)ဦး၊ ဝင်ရောက်ဖြေဆိုကြပြီး၊ ကျောင်းသား/သူပေါင်း(၄၂)ဦး ဖြေဆိုရန်ပျက်ကွက်သဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၈.၆၈)ဖြစ်ပြီး၊ ပျက်ကွက်ရာနှုန်းမှာ (၁၁.၃၂)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သို့ပါ၍ အဋ္ဌမတန်း(Grade-9) စာမေး ပွဲကို ကျောင်းသူ/သား စုစုပေါင်း(၃၂၉)ဦးတို့က မတ်လ(၁၇ရက်မှ ယနေ့အထိ(၆)ဘာသာစလုံးဘာသာစုံအေးချမ်း အောင်မြင်စွာ ဖြေဆိုပြီးစီးသွားပြီဖြစ်ကြောင်း သတင်းရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)