သတင်းများ

လွိုင်လင်မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့်ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲကျင်းပ
Mar 27,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင် မူလတန်းကြိုကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်း အနားကျင်းပသည်။   
ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 27,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်း က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင် စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက ဖွင့်ပွဲအခမ်းအနား အားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-ခုနှစ် ကျိုက်လတ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ ကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနက ၂၀၂၂-ခုနှစ် နွေရာသီ အခြေခံ အားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီ ခန့်က အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ကန့်ဘလူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Mar 27,2022
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ စာစစ်ဌာနကျောင်းများကို မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် သာယာဋ္ဌေးကျေးရွာ ကုန်ထုတ်မြေသားလမ်းဆောင်ရွက်ပြီးစီး
Mar 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ၂၀၂၁ - ၂၀၂၂ ခုဘဏ္ဍာရေးနှစ် တွင် တွံတေးမြို့နယ်အတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်မြေသားလမ်းကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 27,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်စေရန် စာစစ်ဌာနများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ရက်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးသည်။
ညောင်လေးပင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲနှင့် စစ်တုရင်သင်တန်းဖွင့်လှစ်
Mar 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်‌နေ့ ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။