ညောင်လေးပင် မတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်စန်းစန်းအောင်က လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းက စစ်တုရင် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အနာဂတ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော် လူကောင်းများ ဖြစ်လာစေဖို့ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားပြီး စာတတ်ဖို့သာမက ပညာတတ်ဖို့ကြိုးစားကြ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင် စားစွာ စစ်တုရင်သင်တန်းအား တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)