သတင်းများ

ဟိုပန် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Mar 28,2022
"ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်းကာ အများပြည်သူများအား သဘာဝဘေးများထဲမှ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ငလျင်ဘေး ကျရောက်နေစဉ်အတွင်း သတိပြုဆင်ခြင်ရမည့် အခြေအနေများနှင့် သိရှိလိုက်နာ ဆောင်ရွက်သွားရမည့် အချက်များကို သိရှိကြစေရန်အတွက် ယမန်နေ့မွန်းလွဲပိုင်းက ဟိုပန်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပလောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေး
Mar 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးရှိ၊မရှိကို ယမန်နေ့နံနက်ပိုင်းက ပလောက်နယ်မြေမီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Mar 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မတ် ၂၆ ရက် ညပိုင်းတွင် ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အရှိန်အဟုန်မြှင့် လှည့်လည် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 28,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစား သင်တန်းများကို မြို့နယ်အားကစားကွင်းရှိ အားကစားရုံတွင် ဖွင့်လှစ်သင်ကြား ပေးလျက် ရှိသည်။
ငါ့သရောက်မြို့တွင် အိုးအမျိုးမျိုးပြုလုပ်ရောင်းချလျက်ရှိသော်လည်း ထန်းဆွဲမြူအိုးများသာ အမြောက်အများ ရောင်းချနေရ
Mar 28,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီမစတင်မီ အချိန်တည်းက ထန်းဆွဲမြူအိုးပြုလုပ်ထားကြပြီး ထန်းတက်လုပ်ငန်းစတင်ပြီဆိုတာနှင့် ထန်းဆွဲမြူအိုး အမြောက်အများ ရောင်းချရခြင်းဖြင့် မိသားစုစီးပွားရေး တွက်ခြေကိုက်နေကြကြောင်း တောင်ကုန်းကျေးရွာနေ ဦးနေလင်းထံက သိရသည်။
သောက်သုံးရေပြတ်လပ်မှုမရှိစေရေး မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လိုက်လံလှူဒါန်းပေး
Mar 27,2022
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်မီးသတ်ဦးစီးဌာန၏ စီမံဦးဆောင်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ရေရှားပါးရာ ဒေသများသို့ သောက်သုံးရေပေးဝေမှု ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ လက်ပံတန်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 27,2022
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။