ဆိပ်ဖြူ မတ် ၂၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်စေရန် စာစစ်ဌာနများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ရက်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအောင်ဇော်လင်းကြီးကြပ်၍ ဒုတိယဦးစီးမှူး ဦးအောင်ဘိုဝင်းနှင့် တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေး ကျင်းပပြုလုပ်မည့် စာစစ်ဌာနများရှိ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းပြည့်လွန်ခြင်းရှိ/မရှိတို့ကို လည်းကောင်း၊ မီးသတ် ရေကန်များ ရေပြည့်ဝစွာထားရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ပစ္စည်း များ ပြည့်စုံစွာထားရှိရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပဆောင်ရွက်သွား မှာဖြစ်ပြီး၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုအတွင်း ဖြေဆို ကျောင်းသား/ကျောင်းသူ ၃၆၁ ဦး ၊အပြင်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၁၅၆ ဦး စုစုပေါင်း ဖြေဆိုရန်စားရင်းရှိ ၄၉၇ ဦးရှိပြီး ၊စာဖြေဌာန (၃)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဝင်ခွင့် ကတ်ပြားများကို မတ်လ ၂၅ ရက်နေ့မှစတင်၍ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများအား ထုတ်ပေးနေကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
စိုးလင်းနိုင်(IPRD)