တွံတေးမြို့နယ်တွင် သာယာဋ္ဌေးကျေးရွာ ကုန်ထုတ်မြေသားလမ်းဆောင်ရွက်ပြီးစီး

တွံတေး  မတ်  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ၂၀၂၁ - ၂၀၂၂ ခုဘဏ္ဍာရေးနှစ် တွင်  တွံတေးမြို့နယ်အတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်မြေသားလမ်းကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တွံတေးမြို့နယ်၊ ရန်ကုန်ပါဒကျေးရွာအုပ်စု၊ သာယာဋ္ဌေးကျေးရွာ ကျေးရွာမြေသား ကုန်ထုတ်လမ်းကို ဆောင်ရွက်ရာတွင် ( Lime Stabilization Method) အရှည် (၀ / ၆ မိုင် ×အကျယ် ၁၂ပေ × အမြင့် ၃ ပေ)ရှိ မြေသားလမ်းကို ခန့်မှန်းကုန်ကျငွေကျပ်သန်း(၁၀၀) ဖြင့် ဆောင်ရွက်ခဲ့ တာဖြစ်ကြောင်း သိရှိရသည်။

သာယာဋ္ဌေးကျေးရွာသည် ယခင်က သီးခြားလမ်းမရှိဘဲ လှည်းလမ်း၊ ခြံလမ်းများမှတစ်ဆင့် သွားလာရသော ကျေးရွာတစ်ရွာဖြစ်ကာ ယခုအခါ ကုန်ထုတ်မြေသားလမ်းကို ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုဘတ်ချက်ရန်ပုံငွေဖြင့် ဖော်ဆောင်ပေးနိုင်သည့် အတွက် ဒေသ၏ အဓိကထွတ်ကုန်ဖြစ်သော ဝါးအမျိုးမျိုး၊ ကွမ်း၊ သခွား၊ ရှောက်ရွက်၊ ခဝဲ၊ တိုင်ထောင်ပဲ၊ ခရမ်းသီး၊ မုန်လာ၊ နာနတ်၊  ဂွေးတောက်ရွက်၊နှင့် ဆောင်းသီးနှံများ ဝါးအခြေခံပစ္စည်းများဖြစ်သော တောင်း၊ ဇာကာ၊ ကွမ်းခြင်း၊ကွမ်းခြံတိုင်များ ဒေသ၏ထုတ်ကုန် များကို ယခုကုန်ထုတ် မြေသားလမ်းသစ်ပြီးစီးသွားသည့်အတွက် ဒေသထွတ်ကုန်များ အချိန်နှင့် တစ်ပြေးညီ တွံတေး၊ ရန်ကုန်နှင့် အခြားမြို့များသို့  လွယ်လင့်တကူသွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတသ်ဦးထံမှ သိရှိရသည်။

အဆိုပါ ကုန်ထုတ်မြေသားလမ်းသစ်ဖော်ဆောင်ပေးနိုင်သည့်အတွက် ကျေးလက်နေပြည်သူ များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ယခင်ကနဲ့မတူ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရှိရသည်။ သာယာဋ္ဌေးကျေးရွာသည် အိမ်ခြေ(၁၃၈)အိမ်၊ လူဦးရေ (၅၅၂)ဦးနေထိုင်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ကုန်ထုတ် မြေသားလမ်းကို ဆောင်ရွက်ပြီးစီး သွားပြီဖြစ်သဖြင့် ဒေသခံပြည်သူများ ဝမ်းသာနေကြကြောင်းသိရသည်။

တွံတေးသား