ရသေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

ရသေ့တောင် မတ် ၂၈

ရသေ့တောင်မြို့နယ်၌ ၂၀၂၂-ခုနှစ်၊မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသည့် ကျောင်းသား/သူများသို့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးခြင်းကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားအား ဘာသာတွဲအလိုက် သတ်မှတ်ထားသည့် အရောင်များဖြင့် စာမေးပွဲဖြေဆိုချိန်မတိုင်မီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖြေဆိုခွင့်ကတ် ထုတ်ယူရာတွင် အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုကြမည့် သူများအနေဖြင့် စာမေးပွဲဖြေဆို ခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၌ ကျောင်းတွင်းမှဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၀၄၄)ဦး၊ အလွတ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၉၉၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၀၃၈)ဦးရှိပြီး ရသေ့တောင်မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၇)ခုရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် အ.ထ.က-၁၊အထက၂၊ အမက ၂ ၊ အမက ၄၊ မေယုခန်းမ၊ အားကစားခန်းမ၊ အလိုတောင်ပြည့်ကျောင်းတိုက်၊ သာသနာ့ဇောတိပါလ ကျောင်းတိုက်၊ စေတီယဂ်ဏကျောင်းတိုက်နှင့် ဇီးကိုင်းစာစစ်ဌာနကို စစ်တွေအထက(ခွဲ) အလက(၅) ရေတပ်ကျောင်းစာစစ်ဌာနတို့တွင် စိတ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေး အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)