ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် လူငယ်အခန်းကဏ္ဍမြှင့်တင်ရေး အစီအစဉ်အရ ဒေသအဆင့်ရာသီဉတုပြောင်းလဲမှု ခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည် တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ကျောက်ဖြူ မတ် ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် လူငယ်အခန်းကဏ္ဍ မြှင့်တင်ရေးအစီအစဉ်အရ ဒေသအဆင့်ရာသီဉတု ပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ဖြူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်း မိုးထက်က ပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို ခံနိုင်ရည်ရှိစေရေးအတွက် ထိခိုက်လွယ်သောကဏ္ဍများနှင့်  ပြည်သူများ၏ လိုက်လျောညီထွေရှိနိုင်စွမ်းကို မြှင့်တင်ပေးရန်၊ ပြည်သူလူထုနှင့် စီးပွားရေးကဏ္ဍများသည် ရာသီဉတုကြောင့်ဖြစ်ပွားသော ကျန်းမာရေးထိခိုက်မှု များအပေါ် တုန့်ပြန်နိုင်၍ ပြန်လည်ထူထောင်နိုင်စွမ်းရှိသော ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်ရန်၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ၌ သယံဇာတကို အကျိုးရှိထိရောက်စွာ အသုံးပြုခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော အလေ့အကျင့် ကောင်းများကို မြှင့်တင်ပေးခြင်းတို့ဖြင့် စားဝတ်နေရေးနှင့် စားနပ်ရိက္ခာဖူလှုံရေး မဟာဗျူဟာ များကို အထောက်အကူပြုမည့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော ထုတ်လုပ်မှုနှင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော တုံ့ပြန်မှုများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးစီးပါက မိမိတို့ဌာန/အဖွဲ့အစည်းရှိ ဝန်ထမ်းများအား ယခုသင်တန်းမှလေ့လာခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အချက်အလက် များနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေနေထိုင်ခြင်းနှင့် ရသီဥတုပြောင်းလဲမှုကို လျော့ချမည့်နည်းလမ်းများ ပြန်လည်မျှဝေပေးနိုင်သော သင်တန်းသားများ ဖြစ်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGOs အဖွဲ့အစည်း တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာများမှ စာတွေ့၊ လက်တွေ့ပို့ချ ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း