စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ နံရံကပ် ဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

မုံရွာ မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မုံရွာမြို့အထက ၂ (အလုံ)၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံး၏ လမ်းညွှန်ကြီးကြပ်မှုနှင်အတူ မုံရွာခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက နံရံဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ပါဝင်ပြသခဲ့ကြပြီး ပြပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နံရံကပ်ဓာတ်ပုံပြဘုတ်များတွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာရည်မြင့်မားရေး၊ နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသတွင်းဖွံ့ဖြိးတိုးတက်ရေး ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မုံရွာခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းများအလိုက် အားကစားပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ကြပြီး၊ စာဖတ်ရှိန်မြင့်မားရေး၊ သုတ/ရသ စာအုပ်စာစောင်များကိုလည်း စုံလင်စွာပြသ ပေးခဲ့ကြကြောင်း သိရသည်။

မုံရွာမြို့  (အလုံ)  အမှတ်-၂ အခြေခံပညာ အထက်တန်းကျောင်းတွင် နွေရာသီအားကစား သင်တန်းများ၊ အဂ်လိပ်စာသင်တန်းများ၊ ကွန်ပျူတာ သင်တန်းများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်နိုင်စိုး