Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ မျိုးရိုးသစ် ဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Mar 29,2022
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ပြည်သူများ သတိပြုရမည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ယနေ့နံနက်ပိုင်းက ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် မိုးကြို ကြံစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ်အတွက် မိုးကြိုကြံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ(အခမဲ့) ဖွင့်လှစ်သင်ကြားပေး
Mar 29,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ် အနောက်ရဲ IDPစခန်း၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အဋ္ဌမအသုတ် (ပထမ)အကြိမ်ထိုးနှံ
Mar 29,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲIDP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin)ကို ယမန်နေ့နံနက် (၁၀)နာရီက ထိုးနှံခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ကော့မရိုင်းကျေးရွာအုပ်စု လှကမန်းကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Mar 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့ာ့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်
Mar 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လထိ (၆)လ အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်များရေးဆွဲကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ပြည်-အောင်လံ-ဆတ်သွား ရထားလမ်းစီမံကိန်း သိမ်းဆည်း လယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲကျင်းပ
Mar 29,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန မြန်မာ့မီးရထား၏ ပြည်-အောင်လံ-ဆတ်သွား ရထားလမ်းစီမံကိန်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လက်တက်အုပ်စု၊ ပရပ်ကြယ်အုပ်စု၊ ကြံစုအုပ်စု၊ သီရိမင်္ဂလာအုပ်စု၊ ၀က္ကသေးအုပ်စုတို့မှ သိမ်းဆည်းလယ်ယာမြေ များအတွက် လျော်ကြေးငွေ(၃၉၄၈.၅)သိန်း ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြား(မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး "မိဘပြည်သူ့များသို့ အသိပေးကြေညာချက်"ဆိုင်းဘုတ်စိုက်ထူ
Mar 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မစိုစစ်ဆေးရေးဂိတ်အနီး ရန်ကုန်မြို့အဝင် အမှတ် ၂ လမ်းမကြီး လမ်းသုံးခွဆုံဂိတ် အများပြည်သူ မြင်သာနိုင်မည်နေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူးရုံးက မိဘပြည်သူများသို့ အသိပေးချက်စာတမ်းပါ (၂၀၂၂)ခုနှစ် ဧပြီလ (၁)ရက်နေ့မှစတင်၍ နိုင်ငံသားစီစစ်ရေးကတ်ပြား(မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး အသိပညာပေး ကြေညာချက်များ ပါရှိသော ၈ ပေ ၆ ပေ အရွယ်ရှိ ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18890
Page
18891
Page
18892
Page
18893
Current page
18894
Page
18895
Page
18896
Page
18897
Page
18898
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department