ကလောမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်း ဆောင်ရွက်

ကလော မတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက်  ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာန သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကလောမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည့် အထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေစဉ် ကာလအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးလုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ စာစစ်ဌာနနှင့် အနီးပတ်ဝန်းကျင်ရှိ စျေးဆိုင်ခန်းများအား ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည် များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)