ပိုင်ကျုံ မတ် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍လူစည်ကားသည့်နေရာများ၊ လမ်းဆုံလမ်းကွများ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်တွင် ပိုင်ကျုံမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ ကရင်၊မြန်မာနှစ်ဘာသာဖြင့်လိုက်လံ အသိပေး နှိုးဆော်ခဲ့သည်။
အသိပညာပေးနှိုးဆော်ချက်များ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့မှကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါပိုး တွေ့ရှိသူမြင့်တက်လာခြင်းကြောင့် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးထွက်ခွာရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်လုပ်ကိုင်ပါမှနေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ အချင်းချင်း အသိပေး/သတိပေးပါ၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ လေဝင်လေထွက် မကောင်းသောနေရာများတွင် အခန်းများသွားလာခြင်းမှရှာင်ကြဉ်ပါ၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုအကြိမ်ပြည့် ထိုးနှံကြရန်၊ ကိုဗစ်-၁၉ရောဂါသံသယ လက္ခဏာများပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို အချင်းချင်း ဆက်သွယ်၍။ စောစီးစွာကုသမှုခံယူကြပါရန်၊ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်အကြောင်း သိကောင်းစရာများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီနေထိုင်သွားလာကြရန်စသည့်။ ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာများကို မိဘပြည်သူများ အသိပညာဗဟုသုတပိုမိုရရှိ စေရန်အတွက် လိုက်လံနှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)