ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲ အိုမီခရွန် ကူးစက်ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်

ကျောက်ပန်းတောင်း မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇကွဲ အိုမီခရွန် ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများ သိရှိလိုက်နာ လုပ်ဆောင်နိုင်ရန်အတွက်၊ အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်(၁၀)နာရီကမြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇကွဲ အိုမီခရွန် ကူးစက်ဖြစ်ပွားနေမှုအခြေအနေများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များကို ပြည်သူများအလေးထားလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက်၊မြို့နယ်ပြန်/ဆက် ဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ဖြင့်သော် လည်းကောင်း၊ မိမိဌာနအစီအစဉ်ဖြင့်သော် လည်းကောင်း အသိပညာပေး ဆော်ဩခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်ပြီး၊ ယနေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်လင်းလိုက်ပါပြီး၊ အရှေ့နှင့် အနောက်မြို့ပတ်လမ်းတစ်လျှောက် ကိုဗစ်-၁၉ ရောဂါကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တာဆီးကာကွယ်ရေးလုပ်ငန်းဆိုင်ရာများကိုပါ အသိပေးလှည့်လည်ဆော်ဩခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)