ကျုံပျော်မြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား

ကျုံပျော် မတ် ၂၉

လူငယ်များ နွေရာသီအားလပ်ရက်တွင် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင်‌ နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တေဇရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က သင်တန်း ဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ၊ နည်းပြဆရာမ ဒေါ်သင်းထက်ထက်က သင်တန်းသားများအားအခြေခံ အင်္ဂလိပ်စာအား စတင်သင်ကြားသည်။

အဆိုပါသင်တန်းသို့ စိတ်ပါဝင်စားသူ မူလတန်းနှင့် အလယ်တန်းအဆင့် ကလေးလူငယ် (၃၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ (၂၈)ရက်မှ ဧပြီ(၂၈)ရက်နေ့အထိ ဖြစ်ကာ သင်တန်းချိန်ကို နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ တစ်ချိန်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ တစ်ချိန်၊ တစ်နေ့လျှင် (၂)ကြိမ် ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်