ကျောင်းကုန်းမြို့တွင် အေရိုးဗစ်သင်တန်းဖွင့်လှစ်

ကျောင်းကုန်း မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အေရိုးဗစ်သင်တန်းကို  ယနေ့ နံနက် ၁၀ နာရီအချိန် ဖွင့်လှစ်သင်ကြားခဲ့သည်။

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း အားကစားမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

အဆိုပါ အေးရိုးဗစ်သင်တန်သို့ သင်တန်းသား(၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်း ကာလမှာ ဧပြီလ(၂)ရက်နေ့အထိ (၅)ရက်တိုင်တိုင် သင်ကြားပို့ချပေးမည်ဖြစ် ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)