ကျောက်တံခါး မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၅)ခုတို့အား မီးဘေး ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် အခြေခံပညာ အထက်တန်းကျောင်း(ကျောက်တံခါး)၊ အခြေခံ ပညာအထက်တန်းကျောင်း (ပဲနွယ်ကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း(တောကျွဲအင်း)၊ အခြေခံပညာအထက်တန်းကျောင်း(ဖဒို)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့ချောင်း) အပါအဝင်စာစစ်ဌာန (၅)ခုတို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး စာစစ်ဌာနများ စာမေးပွဲဖြေဆို နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမင်းလတ် ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်း တာဝန်ခံများနှင့် တပ်ဖွဲ့ဝင်များက မိမိတို့နယ်မြေအတွင်းရှိ စာစစ်ဌာနများအား မီးသတ် ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ အသင့်ထားရှိရေး ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စန်းစန်း