ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေး

ငါန်းဇွန်    မတ် ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးရာ ယမန်နေ့ နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၂၀)ဦး၊ မြို့သာဇုံမှ (၁၀၆)ဦး၊ သားကျင်ဇုံမှ (၁၉၂)ဦး၊ ဂျိုဇုံမှ (၉၁)ဦးနှင့် ဇုံ(၉)ဇုံမှ စုစုပေါင်း (၄၀၉)ဦး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။             

သက်နောင်ဦး(ငါန်းဇွန်)