မင်းလှမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မင်းလှ    မတ်   ၃၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့လည် ၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ ထုံးစံများနှင့်အညီ  စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက  ဗဟိုမဏ္ဍပ်တည်ဆောက်မည့် အစီအစဉ်၊ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီး လုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိ‌ရေး၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေး၊အခမ်းအနား ပြင်ဆင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသခံပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေးစသည့်ကဏ္ဍအသီးသီးတို့ကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ညိှနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို အမှတ်(၅) ရပ်ကွက်၊ ရုံးလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးပိုင်မြေကွက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ပေါက်စ( မင်းလှ)