ကျွန်းစု မတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ကျွန်းစု- မူလ တန်းကြိုကျောင်းမှ ကလေးငယ်များအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မူကြိုကျောင်းဟောခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီနွဲ့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းသား /ကျောင်းသူများ အတန်းပြီးမြောက်ပြီဖြစ်၍ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များကို အသီးသီးပေးအပ် ခဲ့ကြသည်။
ထိုနောက် ပဒေသာကပွဲအား ဆက်လက်ကျင်းပခဲ့ရာ မူလတန်းကြိုကျောင်းသား၊ ကျောင်းသူလေးများမှ လှယဉ်ကျေးမယ် လျှောက်ပြခြင်း၊ အပြိုင်အဆိုင်ဖူးစာ၊ တောင်ယာဝင်ချိန်၊ ကောက်စိုက်ချိန်၊ သတိတော့ထား စသည်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း၊ အဆိုပါ မူလတန်းကြိုကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၈)တက်ရောက်ခဲ့ကြပြီး အကြီးဆင့် ကျောင်းသား/သူ (၂၆)ဦးအား အတန်းပြီးမြောက်ပြီဖြစ်၍ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
လုံမလေး(ကျွန်းစု)