ထန်းတပင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား နွေရာသီမီးဘေးအန္တရာယ် လုံခြုံရေး ကွင်းဆင်းစစ်ဆေး

ထန်းတပင်(ပဲခူး)    မတ်  ၃၀

ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် ထန်းတပင်မြို့ပေါ်၌ ရောင်းချနေသော စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦး‌အောင်မင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ယမန်နေ့နေ့လယ်ပိုင်းက အောင်ရတီဟိန်း စက်သုံးဆီဆိုင်အား ဝင်ရောက်စစ်ဆေးကာ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးအန္တရာယ်လုံခြုံရေးအတွက် စက်သုံးဆီဆိုင်များ၌ ဆောင်ရွက်ထားရှိရမည့် အချက်များနှင့် ဆီလှောင်ကန်များထားရှိရာတွင် အန္တရာယ်မဖြစ်စေရေး စနစ်တကျထားရှိရန်၊ ရုတ်တရက် မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဆေးဘူးကြီးများ အလွယ်တကူ ထားရှိကာ ဆီဆိုင်ဝန်ထမ်းများက အလွယ်တကူ မီးငြိမ်းသတ်နိုင်ရမည့် နည်းလမ်းများကို မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ပြသပေးကာ ဆီလှောင်ကန် အနီးထားရှိရမည့် မီးချိတ်၊ မီးကတ်၊ သဲပုံးရေပုံးနှင့် ရေလှောင်ကန်အတွင်း ရေအသင့်ရှိနေစေရန် ပညာပေးဆွေးနွေးကာ မီးဘေး အန္တရာယ်ကာကွယ်ရေးအတွက် ဆွေးနွေးမှာကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

မြို့နယ်(ပြန်/ဆက်)