ကျောက်တံခါး မတ် ၃၁
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ယနေ့နံနက်ပိုင်း က အေးချမ်းစွာလာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ စာစစ်ဌာနပေါင်း (၅) ခုတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား/သူပေါင်း ကျောင်းတွင်းဖြေဆိုသူ (၁၂၅၇)ဦး၊ ပြင်ပဖြေဆိုသူ (၃၁၀)ဦး စုစုပေါင်း (၁၅၆၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စန်းစန်း (ပြန်/ဆက်)