ထန်းတပင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၆၈၀)ဦးတို့​ ဝင်​ရောက်​​ဖြေဆိုလျက်ရှိ

ထန်းတပင် ရန်ကုန် မတ် ၃၁

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့မတ်လ(၃၁)ရက်နေ့မှစတင်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး စာမေးပွဲသို့လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၈၀)ဦးတို့မြို့နယ်အတွင်းရှိစာစစ်ဌာန()ခုတို့တွင် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ..က (ထန်းတပင်)၊ အ..က (လှည်းဆိပ်)နှင့် အ..က(ကျူတော) ကျောင်းစာစစ်ဌာန()ခုတို့တွင် ကျင်းပပြုလုပ် လျက်ရှိပြီး စာစစ်ဌာန()ခုတို့တွင် အခြေခံပညာအထက်တန်းကျောင်း()ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ()ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း()ကျောင်း စုစုပေါင်း ကျောင်း(၂၀)တို့မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းလည်း သိရသည်
တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရာတွင်လည်း စာရင်းရှိကျောင်းသား၊ကျောင်းသူ( ၇၇၃) ဦးရှိသည့်အနက် ကျောင်းတွင်းဖြေဆိုသည့် ကျောင်းသား(၂၁၃)ဦး၊ ကျောင်းသူ (၂၈၁)ဦးနှင့် ကျောင်းပြင်ပဖြေဆိုသည့် ကျောင်းသား(၇၃)ဦး၊  ကျောင်းသူ(၁၁၃)ဦးရှိရာ ကျောင်းတွင်းနှင့် ကျောင်းပြင်ပကျောင်းသား(၂၈၆)ဦးနှင့် ကျောင်းသူ(၃၉၄)ဦး စုစုပေါင်း (၆၈၀)ဦးရှိတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းလည်း သိရသည်။

ကျောင်းသား၊ကျောင်းသူများအေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာဆောင်ရွကလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)