ရေး မတ် ၃၁
မွန်ပြည်နယ် ရေးမြို့နယ် အခြေခံပညာကျောင်းများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် စာစစ်ဌာနကျောင်း (၂) ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး စောင့်ရှောက်ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် အထက (၁)စာစစ်ဌာနတွင် ဖြေဆိုသူ (၆၃၄) ဦး ပျက်ကွက် (၃၃)ဦးနှင့် အထက(အစင်)စာစစ်ဌာနတွင် ဖြေဆိုသူ(၈၄)ဦး ပျက်ကွက် (၅)ဦး စုစုပေါင်း ဖြေဆိုသူ (၇၁၈)ဦးနှင့် ပျက်ကွက် (၃၈)ဦး မြို့နယ်အတွင်း ဖြေဆိုသူရာခိုင်နှုန်း ၉၅.၈၄ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သိမ့်ချယ်ရီ (ရေး၊ ပြန်/ဆက်)